Pages

Saturday, October 13, 2012

Window 7 မှာ RUN ကို ပေးမသုံးအောင်လုပ်တဲ့နည်းလေးပါ

Window တွေမှာ Window+ R ကို တွဲနှိပ်ရင်Run ကို တန်းရောက်ပါတယ်။။ Run က ကိုယ့်window ထဲမှာရှိတဲ့setting တွေကို ပြောင်းနိုင်ပြင်နိုင်ပါတယ်။။ ၄င်းကို ပိတ်ထားလို့ရတဲ့နည်းလေး ကျွန်တော် ရှာတွေ့တာနဲ့ ပြန်လည် ရှယ်လိုက်ပါတယ်ခင်ဗျာ။။ ပိတ်ချင်တယ်ဆိုရင်တော့ start မှာ run လို့ရိုက်ပါ သို့မဟုတ် Window+R ကို နှိပ်ပါ ။။ ပြီးရင်  gpedit.msc လို့ ရိုက်ပါ။။ Local Grup Policy Editorသို့ ရောက်ပါလိမ့်မယ် ပြီးရင် အောက်ကအတိုင်း တစ်ဆင့်ချင်းစီ သွားလိုက်ပါ User Configuration / Administrative Templates / Start Menu and Taskbar  အတိုင်းအဆင့်ဆင့်ဝင်ရောက်ပြီးလျှင်







အခုပြထားတဲ့ ပုံပါအတိုင် Remove Run menu from Start menu. ကို Click လိုက်ပါ
 



အခုမြင်နေရတဲ့ ပုံမှာမြှားပြထားတဲ့နေရာကလို့ Enabled မှာအမှတ်ထားခဲ့ပြီး Apply OK လုပ်ပြီး ထွက်လိုက်ပါ အခုလုပ်လိုက်တာ အောင်မြင်လားဆိုတာသိချင်ရင် RUN ကိုပြန်ခေါ် ကြည့်လိုက် ပါဗျာ အောင်မြင်တယ် ဆိုရင်တော့ ခေါ်လို့ရမျာ မဟုတ်တော့ပါ တကယ်လို့ မိတ်ဆွေရယ်  Run BOX ကိုပြန်သုံးချင်ရင်တော့ C:/ Windows /System32/gpedit.msc အဆင့်ဆင့် ဝင်ရောက်ပြီး  User Configuration / Administrative Templates / Start Menu and Taskbar ကိုပြန် Click ပါ Not Configurd ကိုပြန်အမှတ်လုပ်ပြီး
Apply OK လုပ်လိုက်ရုံပါပဲဗျာ အားလုံး အဆင်ပြေနိုင်ကြပါစေခင်ဗျာ
အားလုံးကိုလေးစားလျှက်
ဇော်လင်း (နည်းပညာ)