Pages

Saturday, October 13, 2012

ကိုယ့်ကွန်ပျူတာထဲ့က data တွေကို တခြားသူတွေမသိအောင် Secret Disk နဲ့ ဖွက်မယ်

ကျွန်တော်ပြောမယ့်အကြောင်းကတော့ ကိုယ့်ကွန်ပျူတာထဲမှာ သူများတွေမမြင်စေချင်ရင် software သုံးပြီး သိမ်းတဲ့နည်းပါခင်ဗျာ။။ အောက်မှာ ပုံနှင့်တကွ ရှင်းပြထားပါတယ်ခင်ဗျာ ။။ အရင်ဆုံး software ကို ဒီမှာ  ဒေါင်းပါခင်ဗျာ။ 1.96 MBပဲ ရှိပါတယ်ခင်ဗျာ။။ ဒေါင်းပြီးရင်အောက်ပါအတိုင်း တဆင့်ချင်း software တင်လိုက်ပါခင်ဗျာ။။ ရလာတဲ့ software ကို နှစ်ချက်ကလစ်လိုက်ပါ
Step  1 Next ကို နှိပ်ပါ

Step  2 Agree ကို နှိပ်ပါ
Step 3 Next ကို နှိပ်ပါ
Step  4 OK ကို နှိပ်ပါ
Step  5 သူ မေးထားခဲ့မှာလား လို့မေးပါလိမ်မယ် No thanks လို့ နှိပ်လိုက်ပါ
Step 6 အဲ့တာဆိုရင်တော့ installing ပြီးပါပြီ Desktop မှာ ရှိတဲ့ secret disk shortcut ကို နှိပ်ပြီး ဖွင့်လိုက်ပါ
Step 7 password ကို ကိုယ်ကြိုက်တာပေးလိုက်ပါ နှစ်ခါ ထည့်ပေးရပါမယ်

Step 8 ဒီအဆင့်ကိုရောက်ရင် တော့ အားလုံး ပြီးတဲ့အဆင့်ကိုရောက်ပါပြီ  Yes ကို နှိပ်လိုက်ပါ
Step 9 ခုနက ထည့်ခဲ့တဲ့ password ကို ပြန်ထည့်ပေးလိုက်ပါ Unlock ကို နှိပ်ပါ 
My Computer မှာ ကြည့်ကြည်လိုက်ပါ Hardisk partition တစ်ခု အပိုထွက်လာတာကို တွေ့ရမှာပါခင်ဗျာ။ ဒါဆိုရင်တော့ ထွက်လာတဲ့ Partition ထဲကို စိတ်ကြိုက် သိမ်းလိုက်ပေါ့ ပြန်ပိတ်မယ်ဆိုရင်တော့ Task bar ရဲ့ ညာဘက် ထောင့်နားက အောက်ပုံအတိုင်းလေး ပိတ်လိုက်ပေါ့ဗျာ။။
ကျွန်တော်ရှင်းပြတာကို နားမလည်ရင် ကွန်မန်းပေးခဲ့ပါ ဒါမှမဟုတ် Cbox မှာ စာချန်ခဲ့ပါခင်ဗျာ။
အားလုံးကို လေးစားလျှက်
ဇော်လင်း(နည်းပညာ)